Google PlusFacebookTwitter

နှင်း

By on Dec 16, 2016 in Poem | 0 comments

Share On GoogleShare On FacebookShare On Twitter

နှင်းဆိုတာ နေနဲ့တွေ့ရင်
ငါ မေ့ပြစ်ရမယ်မှန်း..
ခြေမလှမ်းခင်ကတည်းက.. တွေးဆမိပါရဲ့
ဒါပေမယ့် .. ။
.
အဲဒီလို လတ်လတ်ဆတ်ဆတ်ထုတ်ပိုးထားတဲ့ ပုပ်သိုးခြင်းအချို့..
မနေ့ကတည်းက ငါ့ရင်မှာဆို့လို့နေတယ်
.
အိုကွယ်.. နှင်းရယ်..
ကျေးငှက်သီကြူးသံလေးတွေက မင်းကိုလွမ်းပေါ့..
မင်းကတော့
မင်းရဲ့ သေတမ်းကို မင်းပြန်ထမ်းရင်း
နံနက်တွေကို ခင်းချ..
အိပ်မက်အတိုအစတွေရဲ့ကြားမှာ
အားလုံးဟာ ကစဉ့်ကလျားနဲ့..
.
ဘယ်လောက်ပဲ ကျယ်ပြန့်ကျယ်ပြန့်..
အတ္တဟာ..
ဘယ်သောအခါမှ သန့်လာမှာ မဟုတ်ဘူးလေ
.
ဒီလိုပဲနေနေကြတော့မယ်ဆိုရင်
ဒို့တတွေရဲ့ ရှင်သန်ချိန်ဟာ..
တစ်ရာလား.. တစ်ထောင်လား..
စတီပင်ဟော့ကင်းပြောသလိုပါပဲ..
.
သေချာတာက သဘာဝနဲ့ ဒို့တတွေ စစ်ဖြစ်ရတော့မယ်
သက္ကရာဇ်အလီလီ.. စစ်ချီရတော့မယ်..
.
နှင်း..
သူ့သတင်းစကားကို တို့တတွေ မှားကြအောင်လား
စတင်ခြင်းရဲ့အပြင်အပါးမှာ
သမ္မာတရားရှိတာပဲလေ..
16.12.16

Submit a Comment

Your email address will not be published. Required fields are marked *