Google PlusFacebookTwitter

သို့သော်

By on Feb 27, 2017 in Poem | 0 comments

Share On GoogleShare On FacebookShare On Twitter

ဒါဟာ.. ပျော့ညံ့လို့ ပြောတဲ့စကားမဟုတ်ဘူးဆိုတာ..
အကြွင်းမဲ့ ယုံကြည်ပါတယ်အမေ..
သို့သော် ငိုစား ရီစား.. ခွေးစကားပြောတဲ့သူတွေရဲ့ တန်ခိုးအာဏာ..
ထပ်ပြီးကြီးထွားဖို့ရာ ခွင့်မပြုပါနဲ့တော့..
ပညာရှင်သူကောင်းတွေရဲ့သွေး
မြေခ,တာ ဝေးပါရစေ..
.
မတူကွဲပြားမှုအရေး.. အမေတွေးကောင်းတွေးနေလိမ့်မယ်..
သို့သော်.. အမှောင်မှာ သွေးဆာဆာနဲ့ ရန်ရှာလာမယ့်
လူ့တိရိစ္ဆာန်တွေရဲ့ဘေးလည်း
အမေဝေးအောင်နေပါနော်..
အမေ့ရဲ့ အသက်ဟာ .. ကျနော်တို့ အသက်..
မျိုးဆက်တွေရဲ့ အနာဂတ်ပါ အမေ..
.
(27.02.2017)

Submit a Comment

Your email address will not be published. Required fields are marked *