Google PlusFacebookTwitter

မူလပြန်

By on Apr 15, 2016 in Poem | 0 comments

 မျှော်လင့်ချက်နဲ့ အသက်ဆက်ရမယ်တဲ့လား။ တကယ်တော့ မျှော်လင့်ခြင်းဆိုတာ စုန်ရေတွေလိုပါပဲ . . မျောရင်မျောသလောက် မူလနေရာပြန်ရောက်ဖို့ရာ . . ဆန်ပြီး ပြန်လှော်ရတာ အရမ်း ပင်ပန်းတယ်။ ဒီလိုနဲ့ပါပဲ ငါဟာ မျှော်လင့်ချက်ရဲ့ အခြားတဖက် ဘယ်သူမှမသိလိုက်တဲ့ . . ညနက်နက်တွေကို ဖြတ်သန်း သွေးရူးသွေးတန်းနဲ့ အိပ်မက်ဆိုးကိုနမ်းရှိုက် ငါ့ကိုငါ တိုက်ခိုက်ရဦးမယ်။ ငါ့ဆီကိုငါ ဘယ်အချိန်ပြန်ရောက်မှာလဲ ရေအဆန်မှာ မိုးကသည်းတယ်။...

Google, Schmidt and Myanmar

By on Mar 31, 2013 in Knowledge, Post | 0 comments

March 22, 2013 နေ့က Internet သုံးနေရင်းနဲ့ Google ကို မြန်မာ ccTLD [ country code top level domain ] ( .mm ) နဲ့ အသုံးပြုနိုင်တာတွေ့လိုက်ရတယ်။ ကျွန်တော် အဲဒီပုံလေးကို Capture ဖန်းပြီး ကျွန်တော်အသုံးပြုတဲ့ Social network1 တွေမှာ တင်ဖြစ်ခဲ့တယ်။ .mm ကို အသုံးပြု၍ရသော်လည်း ပုံမှန် www.google.com မှာ sign in လုပ်ပြီး အဲဒီ www.googe.com.mm သို့ သွားပါက မိမိ sign in ဝင်ထားကြောင်း ဘာ notification မှ မပြဘဲ sign in button ကို ညာဖက်အပေါ်ထောင့်မှာ ပြန်လည်တွေ့ရှိနေရပါတယ်။ www.googe.com.mm Page နဲ့ Google ရဲ့ database တို့ မချိတ်ဆက်ရသေးဘူးလို့ ထင်မိပါတယ်။ ဒါဟာလည်း မကြာမီ အဆင်​​ပြေလာမှာပါ။ Translate Tap ကို ဝင်ကြည့်တဲ့အခါမှာတော့ http://translate.googe.com.mm ဆိုတဲ့ URL ကို တွေ့ရပါတယ်။ Google Translate ကို မြန်မာ ccTLD နဲ့တွေ့ရတာ အင်မတန်ဝမ်းသာစရာပါ။ Google Translate ဟာ လောလောဆယ်မှာ မြန်မာဘာသာကို support မလုပ်သေးပေမယ့် အနာဂတ်မှာ အသုံးပြုလို့ရလာနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ခွင့်ရှိသွားပါတယ်။...

Myanmar mobile Internet

By on Mar 20, 2013 in Post | 0 comments

Mobile Internet စနစ်တစ်ခုဖြစ်တဲ့ HSDPA (3G – WCDMA) စနစ်ကို ရန်ကုန်မှာအသုံးပြုမယ်ဆိုရင် maximum bandwidth အနေနဲ့ 2Mb/s (2 Mega bits per second) ဝန်းကျင်ရရှိပြီး ၁ မိနစ်ကို ၄ ကျပ်ကျသင့်နေပါတယ်။ 09-4500xxxxx နဲ့ စတဲ့နံပတ်တွေဖြစ်ပါတယ်။ ဒါပေမယ့် ရန်ကုန်တိုင်းရဲ့ နေရာတိုင်းမှာတော့ ဒီလောက် Bandwidth မျိုးနဲ့ အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ လူသုံးများတဲ့အချို့နေရာတွေ၊ မြို့နယ်တွေမှာဆိုရင်တော့ connection ဟာ အရမ်းကိုကျဆင်းနေတာတွေ့ရပါတယ်။ MPT ရဲ့ လုပ်ကိုင်တဲ့ပုံစံက သတ်မှတ် Area တစ်ခုမှာ ပုံသေကန့်သတ်ထားတဲ့ bandwidth တစ်ခုနဲ့ အသုံးပြုစေတာဖြစ်ပါတယ်။ ဥပမာ area တစ်ခုကို 10 Mb/s ပေးမယ်ဆိုပါစို့။ individual usage အဖြစ် bandwidth ကို 2 Mb/s အဖြစ် limit လုပ်ထားပါတယ်။ အဲဒီအတွက် area တစ်ခုတည်းမှာ အသုံးပြုသူ ၁၀ ယောက်ရှိပြီး အဲဒီ ၁၀ ယောက်လုံးကလည်း individual usage ကို maximum အပြည့်အသုံးပြုနေမယ်ဆိုရင် တစ်ဦးကို 1 Mb/s ပဲရတော့မှာဖြစ်ပါတယ်။ မိမိရရှိတဲ့ quota လျော့ကျသွားတဲ့သဘော ဖြစ်ပါတယ်။ ဒီတော့ လူသုံးများတဲ့...

7Day News Journal က ဥက္ကာကိုကို ထံသို့ . . .

By on Mar 10, 2013 in Article | 0 comments

နော်ဝေမှာ သမ္မတကြီးကို ဆန္ဒပြချင်တဲ့သူတွေကို ” ခွေးလောက်တောင် xxxxx ” ဘာဖြစ်တယ်ညာဖြစ်တယ်လို့ ရေးထားတဲ့ ခင်ဗျား Status ကို ပြန်ဖျက်လိုက်တာလား။ အထက်ပါ Comment အား 7Day News Journal ၏ Senior Reporter ဆိုသူ ဥက္ကာကိုကို ထံတွင် ရေးခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီနေ့ဟာ March လ 1 ရက်နေ့ဖြစ်ပါတယ်။ ရေးပြီးသိပ်မကြာပါ ကျွန်တော့်ကို Block လိုက်ပါတယ်။ ဖြစ်ပုံကဒီလိုပါ။ 27 Feb 2013 ရက်နေ့က သမ္မတကြီး နော်ဝေရောက်တော့ ဆန္ဒပြတဲ့သူတွေနဲ့ ကြုံတွေခဲ့ရပါတယ်။ အဲဒီမှာ ” သမ္မတကြီးသိန်းစိန်အား ရွှေပန်းဖြင့် ကြိုဆိုပါသည် ” ဆိုတဲ့ ပုံပါလာပါတယ်။ အဲဒီပုံကို တွေ့ရတော့ ဝေဖန်မှုတွေ အမျိုးမျိုးတက်လာတာတွေ့ရပါတယ်။ ကျွန်တော့် အမြင်ကတော့ ဒါဟာ သာမာန်ဆန္ဒပြမှုတစ်ခုအနေနဲ့ပဲ မြင်မိပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြမှုတစ်ခုပါ။ သူတို့ဆန္ဒကို သူတို့ဖော်ထုတ်ကြတာပဲ။ ကျွန်တော်တော့ အဲဒီလိုပဲ သတ်မှတ်ပါတယ်။ နည်းနည်းလေးတော့ ရိုင်းသလိုဖြစ်နေတာပေါ့။ အဲဒီအချိန်မှာ ဥက္ကာကိုကိုဆီကနေ Status တစ်ခုတက်လာပါတယ်။ ”...

DNE Exam Result

By on Oct 28, 2012 in Post | 0 comments

လှောင်အိမ်

By on Mar 10, 2012 in Poem | 3 comments

စာမျက်နှာထက် မှင်တံယှက်လျက် အိပ်ပျက်ညစူး ကဗျာကြူးလို့ ဖြေရတယ် ကျော်မင်းထွန်း ပေးပို့သည်။

အတွင်းကြေ

By on Mar 9, 2012 in Poem | 0 comments

မြင်ရက်မခေါ် နှုတ်ဆိတ်သော်လည်း ရင်ဝယ်လှိုင်းပုတ် ဟန်ဆောင်ရုပ်ရယ် ဘောင်ဘင်ခတ်တယ် သူသိမလားကွယ် ကျော်မင်းထွန်း ပေးပို့သည်။