Google PlusFacebookTwitter

သို့သော်

By on Feb 27, 2017 in Poem | 0 comments

ဒါဟာ.. ပျော့ညံ့လို့ ပြောတဲ့စကားမဟုတ်ဘူးဆိုတာ.. အကြွင်းမဲ့ ယုံကြည်ပါတယ်အမေ.. သို့သော် ငိုစား ရီစား.. ခွေးစကားပြောတဲ့သူတွေရဲ့ တန်ခိုးအာဏာ.. ထပ်ပြီးကြီးထွားဖို့ရာ ခွင့်မပြုပါနဲ့တော့.. ပညာရှင်သူကောင်းတွေရဲ့သွေး မြေခ,တာ ဝေးပါရစေ.. . မတူကွဲပြားမှုအရေး.. အမေတွေးကောင်းတွေးနေလိမ့်မယ်.. သို့သော်.. အမှောင်မှာ သွေးဆာဆာနဲ့ ရန်ရှာလာမယ့် လူ့တိရိစ္ဆာန်တွေရဲ့ဘေးလည်း အမေဝေးအောင်နေပါနော်.. အမေ့ရဲ့ အသက်ဟာ .. ကျနော်တို့ အသက်.. မျိုးဆက်တွေရဲ့ အနာဂတ်ပါ အမေ.. ....

ကြယ်စင် နတ်သမီး

By on Feb 13, 2017 in Poem | 0 comments

တမ်းတမျှော်ရည် ကြင်သူဆီသို့ ပို့ချီပေးပါ .. လမင်းပြာရယ်.. ရင်မှာ .. လွမ်းတယ်။ . သူက.. တိမ်စိုင် ငွေ့ငွေ့ ကြယ်တစ်ပွေ့မှာ တိုးဝှေ့မှေးစက် ချစ်တဲ့ သက်ထား အိပ်မက်လေးတွေ ချိုမြစေသား.. လှစေသား.. . 10.02.2017 (Fri)

ဘဝသမား

By on Jan 20, 2017 in Poem | 0 comments

ဆေးစက်ကျရာ ဘဝမှာရေး လေဟာ .. နုအေးမနေခဲ့ဘူး...

နှင်း

By on Dec 16, 2016 in Poem | 0 comments

နှင်းဆိုတာ နေနဲ့တွေ့ရင် ငါ မေ့ပြစ်ရမယ်မှန်း.. ခြေမလှမ်းခင်ကတည်းက.. တွေးဆမိပါရဲ့ ဒါပေမယ့် .. ။ . အဲဒီလို လတ်လတ်ဆတ်ဆတ်ထုတ်ပိုးထားတဲ့ ပုပ်သိုးခြင်းအချို့.. မနေ့ကတည်းက ငါ့ရင်မှာဆို့လို့နေတယ် . အိုကွယ်.. နှင်းရယ်.. ကျေးငှက်သီကြူးသံလေးတွေက မင်းကိုလွမ်းပေါ့.. မင်းကတော့ မင်းရဲ့ သေတမ်းကို မင်းပြန်ထမ်းရင်း နံနက်တွေကို ခင်းချ.. အိပ်မက်အတိုအစတွေရဲ့ကြားမှာ အားလုံးဟာ ကစဉ့်ကလျားနဲ့.. . ဘယ်လောက်ပဲ ကျယ်ပြန့်ကျယ်ပြန့်.. အတ္တဟာ.. ဘယ်သောအခါမှ သန့်လာမှာ မဟုတ်ဘူးလေ . ဒီလိုပဲနေနေကြတော့မယ်ဆိုရင် ဒို့တတွေရဲ့ ရှင်သန်ချိန်ဟာ.. တစ်ရာလား.. တစ်ထောင်လား.. စတီပင်ဟော့ကင်းပြောသလိုပါပဲ.. . သေချာတာက သဘာဝနဲ့ ဒို့တတွေ စစ်ဖြစ်ရတော့မယ် သက္ကရာဇ်အလီလီ.. စစ်ချီရတော့မယ်.. . နှင်း.. သူ့သတင်းစကားကို တို့တတွေ မှားကြအောင်လား စတင်ခြင်းရဲ့အပြင်အပါးမှာ သမ္မာတရားရှိတာပဲလေ.....

အနီးကပ်ဝေးကွာခြင်း

By on Aug 15, 2016 in Poem | 0 comments

(-၁) အိပ်မက်ဦးမဟုတ်ပေမယ့် ကျနော် ရူးမတတ်ပစ်ခဲ့ရတယ် ဝေးခြင်းနီးခြင်းဆိုတာ စိတ်ဝိဉာဉ်မှာ ရှိမှမရှိတာကိုး (၁) တိတ်တိတ်လေး ဖွင့်ဖောက်ထားတဲ့ အချိန်နေရာ အတွန့်အခေါက်တွေရဲ့အခြားဖက် အဝေးဆုံးတွေက နီးပစ်ရက်ခဲ့ကြတယ်။ (ဝ) ဒီအချိန်မှာ အလင်းဟာ ဟန်ပါပါ၊ မာန်ပါပါနဲ့ ကဗျာကယာ တိတ်ဆိတ်နေခဲ့ပေါ့

မူလပြန်

By on Apr 15, 2016 in Poem | 0 comments

 မျှော်လင့်ချက်နဲ့ အသက်ဆက်ရမယ်တဲ့လား။ တကယ်တော့ မျှော်လင့်ခြင်းဆိုတာ စုန်ရေတွေလိုပါပဲ . . မျောရင်မျောသလောက် မူလနေရာပြန်ရောက်ဖို့ရာ . . ဆန်ပြီး ပြန်လှော်ရတာ အရမ်း ပင်ပန်းတယ်။ ဒီလိုနဲ့ပါပဲ ငါဟာ မျှော်လင့်ချက်ရဲ့ အခြားတဖက် ဘယ်သူမှမသိလိုက်တဲ့ . . ညနက်နက်တွေကို ဖြတ်သန်း သွေးရူးသွေးတန်းနဲ့ အိပ်မက်ဆိုးကိုနမ်းရှိုက် ငါ့ကိုငါ တိုက်ခိုက်ရဦးမယ်။ ငါ့ဆီကိုငါ ဘယ်အချိန်ပြန်ရောက်မှာလဲ ရေအဆန်မှာ မိုးကသည်းတယ်။...

Google, Schmidt and Myanmar

By on Mar 31, 2013 in Knowledge, Post | 0 comments

March 22, 2013 နေ့က Internet သုံးနေရင်းနဲ့ Google ကို မြန်မာ ccTLD [ country code top level domain ] ( .mm ) နဲ့ အသုံးပြုနိုင်တာတွေ့လိုက်ရတယ်။ ကျွန်တော် အဲဒီပုံလေးကို Capture ဖန်းပြီး ကျွန်တော်အသုံးပြုတဲ့ Social network1 တွေမှာ တင်ဖြစ်ခဲ့တယ်။ .mm ကို အသုံးပြု၍ရသော်လည်း ပုံမှန် www.google.com မှာ sign in လုပ်ပြီး အဲဒီ www.googe.com.mm သို့ သွားပါက မိမိ sign in ဝင်ထားကြောင်း ဘာ notification မှ မပြဘဲ sign in button ကို ညာဖက်အပေါ်ထောင့်မှာ ပြန်လည်တွေ့ရှိနေရပါတယ်။ www.googe.com.mm Page နဲ့ Google ရဲ့ database တို့ မချိတ်ဆက်ရသေးဘူးလို့ ထင်မိပါတယ်။ ဒါဟာလည်း မကြာမီ အဆင်​​ပြေလာမှာပါ။ Translate Tap ကို ဝင်ကြည့်တဲ့အခါမှာတော့ http://translate.googe.com.mm ဆိုတဲ့ URL ကို တွေ့ရပါတယ်။ Google Translate ကို မြန်မာ ccTLD နဲ့တွေ့ရတာ အင်မတန်ဝမ်းသာစရာပါ။ Google Translate ဟာ လောလောဆယ်မှာ မြန်မာဘာသာကို support မလုပ်သေးပေမယ့် အနာဂတ်မှာ အသုံးပြုလို့ရလာနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ခွင့်ရှိသွားပါတယ်။...